- မင်းရဲသည် ငယ်စဉ် ပိစိကလေးမှ စ၍ ပန်ကာများကို အလွန်ကြိုက်နှစ်သက်ကြောင်း၊ ပန်ကာ မြင်လျင် လက်ညှိုးတထိုးထိုးနှင့် ပျော်နေတတ်ကြောင်းများကို သိထားပြီး ဖြစ်မည်ဟု ယူဆသည်။
(မသိသေးလျင် အခု သိပေရော့)
- မင်းရဲသည် စကားလုံးများကို လေ့လာနေဆဲ ဟိုတလုံး သည်တလုံး စမ်းသပ်ပြောနေဆဲဖြစ်ကြောင်း သိထားပြီး ဖြစ်မည်ဟု ယူဆသည်။ (ဒါလည်း မသိသေးလျင် အခု သိပေရော့)
တနေ့သော် ....
မင်းရဲသည် အဖွား မိတ်ဆွေအိမ်သို့ အလည်သွားရာတွင် ထုံးစံအတိုင်း လိုက်ပါသွားလေ၏။ ထိုအိမ်၏ ဧည့်ခန်း အလယ်ခေါင်တွင် တန်းလန်းရှိနေသည်ကား မင်းရဲအကြိုက် ပန်ကာ။ ထိုပန်ကာပေါ်တွင် တင်ရှိနေသည်ကား ကာလအတန်ကြာကတည်းက ရှိနေဟန်တူသော ဖုန်နှင့် ကြေး(ဂျီး)များ။
ဤတွင် ပန်ကာကို လက်ညှိုးတထိုးထိုးနှင့် ဆိုလိုက်သည့် မင်းရဲစကားကြောင့် သူ့အဖွား မျက်လုံးပြူးလေ၏။ မည်သို့ ပြောလိုက်သနည်း...
"Dirty! Dirty" ဟူ၏။
"တော်သေးတာပေါ့၊ အိမ်ရှင် အဖွားကြီးက နားလေးလို့" ဟု ကျနုပ်အမေ၊ မင်းရဲ အဖွားက ရင်ဖွင့်ရှာသည်။
------ ဤအဖြစ်အပျက် ဖြစ်ပေါ်စေသော အခြေခံ အကြောင်းတရားများ --------
မင်းရဲ ဖွားဖွားသည် ရံဖန်ရံခါ သိုးဆောင်းဘာသာစကားတို့ကို ဟိုတစ သည်တစ ညှပ်ကာ ပြောတတ်သည်။ - ထိုသို့ ပြောတတ်သည့်အထဲတွင် "သားသား မကိုင်နဲ့ .. dirty .. dirty " ဆိုသည့် စကားစုလည်း အပါအ၀င် ဖြစ်ပေသည်။
2 comments:
ချစ်လိုက်တာနော်... ဟင်း.. ဟင်း...
ပန်ကာ ပန်ကာ :P
Post a Comment