Thursday, October 7, 2010

ချစ်သော မင်းရဲ

မင်းရဲကို ချစ်သော မင်းရဲပရိတ်သတ်များသည် မင်းရဲကို မေးကြသည်။
မင်းရဲကို ချစ်သော မင်းရဲဖေဖေသည် မင်းရဲကိုလွမ်း၍ မင်းရဲအကြောင်းရေးရန် အားမရှိ။

မင်းရဲသည် ကျနုပ်တို့ဘ၀ကို အပြည့်အ၀ ဖုံးလွှမ်းထား၏
မင်းရဲမရှိသည့် နေ့ရက်တို့သည် ရင်ကို အပြည့်အ၀ လောင်ကျွမ်း၏။

မင်းရဲသည် ကျနုပ်တို့ကြောင့် ဤလောကထဲရောက်ရှိလာ၏။
ကျနုပ်တို့သည် မင်းရဲအတွက် ဤလောကထဲ တည်ရှိနေ၏။

အရာရာသည် ပြောင်းလဲနေ၏။
မင်းရဲကို ချစ်သည့် ကျနုပ်တို့ အချစ်သည်ကား ထာဝရ။

-----------------------------------------------------------------------------


ဒါက ပြောင်းလဲတော့မယ့် (ပြောင်းလဲတော့မယ်လို့ ဆိုတဲ့) ဗမာပြည်ရောက် စင်ကာပူဖွား မြန်မာကလေး မင်းရဲ ၂ နှစ်ပြည့်မွေးနေ့က ပုံကလေးတွေ။


ကိတ်မုန့် ၂ လုံး၊ ဖယောင်းတိုင် ၂ တိုင်၊ အဘေးနဲ့ အဖွားနဲ့

ဖိုးဖိုးနဲ့ ကိတ်မုန့်ခွဲမယ်

ဘုရင်မင်းရဲရဲ့ စားတော်ပွဲ


မင်းရဲ ပရိတ်သတ်များ သာဓု သာဓု သာဓု (ဆိုင်ဆိုင် မဆိုင်ဆိုင်) ခေါ်စေသောဝ်...

3 comments:

ရွှန်းမီ said...

yummy cake :)
Happy belated Birthday, Min Yell! :P

့်Home Sweet Home said...

Happy Birthday နော် မင်းရဲလေး။ သာဓု သာဓု သာဓု ဆိုင်ဆိုင် မဆိုင်ဆိုင် ခေါ်လိုက်သည်.....

:P said...

သာဓု သာဓု သာဓု

လွမ်းနေတာ... ဒီက