Sunday, June 20, 2010

ဖေဖေ့နေ့

ယနေ့သည် ဖေဖေ့နေ့ဖြစ်၏။

ထို့ကြောင့် ဖေဖေဖြစ်သော ကျနုပ် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ပျော်ပါစေ ...

အယ်.. ကြည့်စမ်း ကြည့်စမ်း တကိုယ်ကောင်းဆန်လိုက်တာ။ ကိုယ့်အဖေအတွက်တော့ ကိုယ်ဆုမတောင်းဘဲ ကိုယ့်အတွက်ပဲ ကိုယ်ဆုတောင်းတယ်။ ဆိုးလိုက်တာ.. ဆိုးလိုက်တာ ...

အဲဒီလို မတွေးကြပါနဲ့။ ဒါက အပြောင်အပျက်။ ဖေဖေ မဖြစ်ခင်ကတည်းက ဖေဖေ့ကျေးဇူး သိတတ်တဲ့ ကောင်ကလေးပဲဟာ။

ဆိုတော့.. ရာဇာကျော့် ဖေဖေ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ပျော်ပါစေ ... အဲအဲ.. ရာဇာကျော့်ကို ပိုက်ဆံတွေ အများကြီး ပေးနိုင်ပါစေ ...

ကဲကဲ.. အပြောင်အပျက်တွေ ရပ်ရပ်.. တကမ္ဘာလုံးက ဖခင်များ၊ ဖခင်လောင်းများ၊ ဖခင်မဖြစ်တဖြစ်များ၊ ဖခင် ဖြစ်ရန် ကြံရွယ်နေသူများ (သူတို့ မပါပါဘူး) အားလုံး အားလုံး ပျော်စရာ ဖေဖေ့နေ့ ဖြစ်ပါစေလေ...

မှတ်ချက် ။ ။ ရာဇာကျော် သည် ဖေဖေ ရာဇာကျော် ဖြစ်ချင်ဖြစ်မည်၊ သား ရာဇာကျော် ဖြစ်ချင်ဖြစ်မည်။ ထင်ချင်သလိုသာ ထင်ပေရော့..

2 comments:

SDL said...

Happy Father's Day, Daddy Father Hpay Hpay Pa Pa, YZK,

yazakyaw said...

အဟမ်းအဟမ်း.. လူကြီးဖြစ်ပြီဆိုတော့ နောက်ချင်တဲ့စိတ်ကို မနည်း မြိုသိပ်ထားရတယ်နော်... ဟင်းဟင်း